You are here:: About Club
 
 

About Club

Sample Image

Magway FC

 

 

 

၂၀၀၉ ခုနှစ်တွင် မြန်မာဘောလုံးလောက၏ အပြောင်းအလဲတစ်ရပ်အနေဖြင့် နှစ်ပေါင်း တစ်ရာကျော် ယဉ်ပါးလာသော အပျော်တမ်းစနစ်မှ ဆုကြေးစားစနစ် (Professional) သို့ ကူးပြောင်းခဲ့သည်။ ယင်းကဲ့သို့ ဆုကြေးစားစနစ်သို့ ကူးပြောင်းလိုက်သဖြင့် Pro စစ်စစ်ဖြစ်သည့် ကလပ်အသင်းကြီးများလည်း ပေါ်ထွက်လာခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်ဟု ခေါ်ဆိုသည့် ပထမဦးဆုံးသော ဆုကြေးစားစနစ် ဘောလုံးပြိုင်ပွဲတွင် Pro ကလပ်အသင်းပေါင်း ၈ သင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ယင်းအသင်းများထဲတွင် မကွေး FC လည်း ပါဝင်ခဲ့သည်။

မကွေး FC ကို Asia World Co.,Ltd ပိုင်ရှင် ဦးထွန်းမြင့်နိုင်မှ တာဝန်ယူတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဦးထွန်းမြင့်နိုင်သည် မကွေးတိုင်းဇာတိ မဟုတ်သော်လည်း မြန်မာ့ဘောလုံးအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် မကွေးတိုင်း ကိုယ်စားပြုသော မကွေး FC ကို တာဝန်ယူတည်ထောင်ခဲ့ခြင်းဖြစ်သည်။

မကွေး FC သည် စတင်တည်ထောင်စဉ်ကာလ၌ လွင်ဦး၊ ဇော်ထက်အောင်၊ အောင်မြင့်အေး၊ စည်သူဝင်း၊ ပြည့်ဖြိုးဦး၊ ထွန်းမင်းဦး၊ ဘိုဘိုအောင်၊ မျိုးကျော်အောင် စသည့်ပြည်တွင်း နာမည်ကြီး ကစားသမားများစွာ ပါဝင်ခဲ့သည်။ မကွေး FC သည် ဆုကြေးစားစနစ်၏ ပထမဦးဆုံးပြိုင်ပွဲဖြစ်သော MNL Cup Grand Royal 2009 တွင် တတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲမှာ အသင်းအားလုံး တစ်ကျော့သာ ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ်အားလုံးအပြီးတွင် ပထမနေရာနှင့် ဒုတိယနေရာ ရရှိသောအသင်းနှစ်သင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဖလားပြိုင်ပွဲ ဖြစ်သည်။

အမှတ်ပေးလိဂ်ဖြစ်သော MNL Grand Royal 2009 တွင် ရာသီကုန်၌ အဆင့် ၅ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

MNL Grand Royal 2010 တွင် ဇွဲကပင်၊ မနောမြေနှင့် နေပြည်တော်စသော ကလပ်အသင်းများ ပေါ်ပေါက်လာခဲ့သဖြင့် Pro ကလပ်အသင်းပေါင်း ၁၁ သင်းရှိလာပြီး မကွေးအက်ဖ်စီသည် ရာသီကုန်တွင် အဆင့် ၇ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ကျင်းပလျက်ရှိသော MNL Grand Royal 2011 ပြိုင်ပွဲတွင်မူ Pro ကလပ်အသင်းသစ် ရက္ခပူရ FC ပေါ်ပေါက်လာခဲ့သဖြင့် ကလပ်အသင်းပေါင်း ၁၂ သင်း ရှိလာခဲ့သည်။ လက်ရှိအချိန်တွင် မကွေး FC သည် ၌ လေးပွဲကစားအပြီးတွင် ရှုံးပွဲမရှိသေးပဲ အဆင့် ၅ နေရာ၌ ရပ်တည်နေသည်။ မကွေး FC သည် ဆက်လက်ကစားရန် ကျန်ရှိနေသေးသော ပွဲစဉ်များတွင် အောင်မြင်မှုရရှိစေရန်အတွက် အတွေ့အကြုံရင့်ကျက်သော မြောက်အိုင်ယာလန်နိုင်ငံသား Mr.David McCreery ကို မကြာသေးမီက ခန့်အပ်ထားသည်။

မကွေး FC သည် လက်ရှိအချိန်တွင် ပြည်ပကစားသမား လေးဦးကို ခေါ်ယူထားသော်လည်း အရံအသင်းမှ ကစားသမားများဖြင့် အသင်းကို အဓိကထား တည်ဆောက်ထားခြင်းဖြစ်သည်။ MNL Grand Royal 2011 ���ွင် ယှဉ်ပြိုင်ကစားနေသော မကွေးအက်ဖ်စီ၏ ပထမကစားသမားစာရင်းတွင် အရံအသင်းမှ ထွန်းပေါက်လာသော ကစားသမား ၉ ဦး ပါဝင်နေသည်။ မကွေး FC သည် စွမ်းရည်ထက်မြက်ပြီး အနာဂတ်မြန်မာ့လက်ရွေးစင်အသင်းနှင့် မကွေး FC အသင်းကြီးတို့ကို အထောက်အကူပြုပေးနိုင်မည့် လူငယ်ကစားသမားလေးများကိုလည်း မွေးမြူပျိုးထောင်ပေးလျက် ရှိနေသည်။

ရုံးလိပ်စာ

Corner of Thanthumar and Parami Street, South Okkalapa Township, Yangon.

Telephone: 573096

Fax: 573096

Internet: www.magwayfootballclub.com